Wednesday, 13 July 2011
သန်းဖေလေး - ညိုပြာဘက်
http://www.ziddu.com/viewfile/15670541/009-ThanPeLay-NyoPharNyet.mp3.
Friday, 15 April 2011
ပညာရေး
ပညာရေး
ပညာရေးဆိုတာကိုပညာရှင်များကအမျိုးမျိုးအဓိပါယ်ဖွင့်ကြပါတယ် ၊ ပညာဆိုတာ အသိပညာ ၊အတတ်ပညာ ၊
ဥာဏ်ပညာ ၊ အသက်မွေးဝမ်းကျောင်းပညာရပ်တခုခု လို့လဲဆိုပါတယ် ။
နောက် တမျိုးက အကြောင်းအကျိုးအကောင်းအဆိုးကိုပိုင်းခြားဝေဖန်တက်တာကိုပညာလို့လဲဆိုပါတယ်၊
ယနေ့အများကသိနေတာနားလည်နေကြတာကတော့ ပညာရေးဆိုတာ စာသင်တယ် ၊ ကျောင်းတက်တယ် ၊ ဒါပညာရေးလို့ဘဲနားလည်ကြပါတယ် ၊ကျတော့အနေနဲ့ပြောရရင်ယနေ့မိသားစုတိုင်းမိသားစုတိုင်းပညာရေးဆိုတာ
နဲ့ပတ်သက်လို့လုပ်နေကြတာကတော့ ၊ မိသားစုဘ၀ရပ်တည်ဘို့အတွက်ရေရှည်းစီးပွါးရေးရင်းနှီးမြုပ်နှံမှုတခုလုပ်နေ
ကြတာလို့ဘဲပြောချင်ပါတယ် ၊မိဘတွေကသားသမီးလေးတွေမွေးလာရင်သူတို့နောင်ရေးအတွက်ဆိုပြီးပညာသင်ပေး
ကြတယ် ၊ကျောင်းထားကြတယ် ၊ချမ်းသားတဲ့သူတွေ၊တက်နိုင်တဲ့သူတွေ( အရင်းအနှီးများများစိုက်ထုတ်နိုင်တဲ့မိဘ
တွေကတော့)ကျောင်းကောင်းကောင်းထားတယ်၊နိုင်ငံခြားမှာကျောင်းထားတယ် ၊ရည်ရွယ်ချက်က အလုပ်အကိုင်
ကောင်းကောင်း ၀င်ငွေများများရနိုင်တဲ့ပညာကိုသင်ရင်မြင့်မားတဲ့လူနေမှုအဆင့်အတန်းနဲဘ၀ရပ်တည်မှုကိုရမယ် ။
ငွေကြေးသိပ်တက်နိုင်တဲ့မိသားစုတွေကတော့ တော်ရုံတန်ရုံပြည်တွင်းမှာရှိတဲ့ကျောင်းများမှာထားပြီး၊
တော်ရုံတန်ရုံအသင့်အသင့်ပညာရပ်မျိုး၊အသက်မွေးဝမ်းကျောင်းပညာတခုခုကိုသင်ယူပြီး၊ဘ၀ရပ်တည်မှုကိုတည်
ဆောက်မယ် ၊ ဒါ မိသားစုတခုစီ တခုဆီရဲ့ ပညာရေးနဲ့ပတ်သက်လို့ယနေ့လုပ်နေကြတဲ့သဘောဘဲ၊
ပညာရေးနဲ့ပတ်သက်လို့ သိပ္ပံမောင်ဝ ရေးထားတဲ့ ( ကျောင်းထားရေး ) ဆိုတဲ့ဆောင်းပါးကိုဘတ်ကြည့်
ရအောင်၊