Thursday 12 August 2010

ပထ၀ီဝင် ကကြီး ခခွေး

ပထ၀ီဝင်ဘာသာဟာ လူတိုင်းနဲ့နေ့စဉ်ထိတွေနေတယ်ဆိုတာသတိမထားမြိကလို့ပါ။
ဒီနေ့မိုးရွာမလား ? နေပူမလား ?
ဒီနှစ်ကအရင်နှစ်တွေထက်ပိုပူသလိုဘဲနော်
အမလေးတရုပ်ပြည်မှာမြေပြိုလို့ တဲ့ လူတွေသေလိုက်တာအများကြီးဘဲ
စူနာမိငလျင်လှိုင်းကြောင့်နိုင်ငံတွေအတော်များများမှာလူတွေသေလိုက်ကြတာ
ငလျင်တွေကလဲလှုတ်လိုက်တာ နော်
စသည်ဖြင့်လူတွေကြုံတွေ့နေရတာတွေဟာပထ၀ီဝင်နဲ့ပတ်သက်တဲ့အကြောင်းအကြောင့်
ဘဲဖြစ်ပါတယ်၊ဒါကြောင့်ပထ၀ီဝင်ဘာသာရပ်ဟာသိထားသင့်တဲ့ဘာသာရပ်တခုဖြစ်ပါ
တယ်၊ပထ၀ီဝင်ဆိုတာတကယ်တော့ကမ္ဘာကြီးရဲ့အကြောင်းပါ။လူသားတွေအားလုံးဟာ
ကျမ္ဘာာကြီးပေါ်မှာနေထိုင်နေကြတာဖြစ်တယ်၊
ကမ္ဘကြိးဟာလူသားတွေရဲ့နေအိမ်ဘဲ။ကိုယ်အိမ်အကြောင်းတော့သိထားသင့်တာပေါ့
ကဲကိုယ်နေတဲ့အိမ်ကြောင်းကိုယ်ဘယ်လောက်သိသလဲ၊ကမ္ဘာကြီးရဲ့အကြောင်းဘယ်
လောက်သိသလဲကြည့်ကြ၇အောင်၊

ကမ္ဘာကြီးဟာမိမိဝန်ရိုးပေါ်မှာနှစ်ဆယ်သုံးနှစ်ပိုင်းတပိုင်းဒီကရီတိမ်းစောင်းပြီး၂၄နာရီကို
်တပတ်ရအောင်လည်ပတ်နေတယ်၊ကမ္ဘာကြီးရဲအ၀န်းဟာမိုင်၂သိန်း၎သောင်းရှိတယ်တဲ့၊
အဲဒီလိုဆိုရင်ကျွန်တော်တို့တတွေဟာတနေ့ကိုမိုင်ပေါင်း၂သိန်းး၎သောင်းလောက်သွားနိုင်
ယဉ်ကြီးကိုစီပြီးခရီးသွားနေကြတယ်ပေါ့
၂၄နာရီကို၂သိန်းး၎သောင်းဆိုတော့တနာရီကိုမိုင်၁သောင်းနှုံးနဲ့မောင်းနေတဲ့ယဉ်ကြိးကို
စီးပြီးသွားနေတယ်လို့ဆိုရမှာပေါ့၊
ဒါတင်ဘယ်ကမလဲအဲဒီလိုမိမိဝင်ရိုးပေါ်မှာ၂၄နာရီတပတ်ရအောင်လည်ပတ်ရင်းနဲနေကြီး
ကိုလဲ၃၆၅ရက်မှာတပတ်ရအောင်ပတ်နေတယ်လေ ၊

အဲဒီတော့ဘာဖြစ်လဲ
အဲဒီတောနေ့နဲ့ညဆိုတာဖြစ်လာတယ်၊နွေ၊မိုး၊ဆောင်းဆိုတဲ့ရာသီဥတုတွေဖြစ်လာရတာ
ပေါ့၊ကမ္ဘာကြီးမိမိဝန်ရိုးပေါ်မှာလည်ပတ်နေပုံနဲ့နေကိုလှည်ပတ်နေပုံကလေးကိုမျက်စိနဲ့
မြင်လာရအောင်
အောက်ကလင့်ကလေးကိုသွားကြည့်လိုက်ကြ၇အောင်
နေနဲ့ ကမ္ဘာတဲ့
ကမ္ဘာကြီး မိမိဝင်ရိုးပေါ်မှာ 23 . 1/2 ပိုင်းဒီဂရီတိမ်းစောင်း
ပြီးလည်နေတဲ့အတွက်နေ့နဲ့ညဖြစ်ပုံနဲ့ရာသီဥတုတွေဖြစ်ပုံကိုပြတာပါ

Earth-Sun Relations

နောက်တခုက တော့ ကမ္ဘာကြိးမိမိဝင်ရိုးပေါ်မှာ ၂၃ - ၁/၂ ပိုင်းဒီဂရီတိမ်စောင်းပြီးလည်
လျက်နဲ့နေကိုပတ်နေတဲ့အတွက် နေရောင်ခြည်ကိုကမ္ဘာရဲ့ဘယ်တခြမ်းကဘယ်အချိန်မှာ
ဘယ်လိုရရှိသလဲဆိုတာကိုပြတဲ့ပုံပါ နားမလည်ရင်မေးနိုင်ပါတယ်


6(h). Earth-Sun Geometry


ဆက်လက်ရှင်းပါဦးမယ်
မောင်သုည(ပထ၀ီဝင်)

No comments:

Post a Comment