Sunday 1 August 2010

ဟိုးတုန်းက ရန်ကုန်တက္ကသိုလ် ကို မထင်မှတ် ဘဲ You Tube မှာ သွားတွေ့မိတယ်။
အဖြူအမည်း ရုပ်ရှင်မှတ်တမ်းတိုကလေးအဖြစ်နဲ့ ။
ဟိုးတုန်းက ဆိုတာတော်တော့်ကို ဟိုးတုန်းက။
အတိအကျဆိုရရင်လွန်ခဲ့တဲ့နှစ်ပေါင်း ၅၁နှစ်ဖြစ်တဲ့ ၁၉၅၇ ခုနှစ်က လွတ်လပ်ပြီးစ
မြန်မာနိုင်ငံ ရဲ့ ရန်ကုန် တက္ကသိုလ်အဖြစ်နဲ့ သွားတွေ့ တာ။
documentary လေး ကလက်ချာ တစ်ခုကိုမှတ်တမ်းတင်ထားတယ်။

သင်တဲ့လူ က ပရော်ဖက်ဆာ ဒေါက်တာကျော်သက်။
ဒီ ဒေါက်တာကျော်သက် ဆိုတာ ၁၉၂၁ ခုနှစ်
ရန်ကုန်မြို့ မှာမွေးဖွားကြီးပြင်းခဲ့ တဲ့မွန်-ဗမာစပ်လူငယ်တစ်ဦး။
လန်ဒန်ယူနီဗာစီတီ London University ကနေ သမိုင်းဆိုင်ရာပါရဂူဘွဲ့ ကိုရခဲ့တယ်။
ပီအိပ်ခ်ျဒီ ဘွဲ့ အပြီး ကမ္ဘာကျော် ယေး(လ်)တက္ကသိုလ် ကြီး ရဲ့ ဘွဲ့ လွန်တန်းတွေမှာ
နှစ်နှစ်ကြာ စာသင်ကြားပို့ချခဲ့သေးတယ်။
ပြီးတော့ မှ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းသမိုင်း ပညာဌာနမှာ
ပရော်ဖက်ဆာအဖြစ်တာဝန်ထမ်းဆောင်သွားခဲ့တယ် ဆိုပါတယ်။

ဒီ မှတ်တမ်းရုပ်ရှင်ကလေးမှာ တစ်ခေတ်တစ်ခါ က လွတ်လပ်ရေးရပြီး စ
မြန်မာနိုင်ငံရဲ့  တက္ကသိုလ် ပညာ အဆင့်အတန်းကိုမြင်နိုင်ပါတယ်။
အဲဒိခေတ်ကတည်းက ရန်ကုန် တက္ကသိုလ် မှာ ဒီလို အင်္ဂလန်က ပီအိခ်ျဒီ ဘွဲ့ ရ ၊
ယေး(လ်) လိုမျိုး တက္ကသိုလ်ကြီးမှာစာပို့ ချပေးခဲ့တဲ့ပရော်ဖက်ဆာ
ဒေါက်တာကျော်သက်လို မျိုး ဆရာတွေ ရှိနေခဲ့တာကို
နိုင်ငံခြားသားများကိုယ်တိုင်အံ့သြ ယူ ရ တဲ့ သင်ကြားပို့ ချပေးတဲ့ဆရာရဲ့ 
ပညာအရည်အချင်း၊ သင်ကြားပို့ ချပေးတဲ့ဘာသာစကား teaching medium ဟာ
အင်္ဂလိပ်ဘာသာစကားဖြစ်နေခြင်း၊ ဆရာတင်မက ကျောင်းသားများပါ အင်္ဂလိပ်စကားကို
အင်မတန် ချောမွေ့ စွာ ပြောဆို နိုင် ခြင်းတွေ ကိုကြည့်ရင်၊ ဒီကနေ
့ဒေသတွင်းက နာမည်ကြီးနေတဲ့တက္ကသိုလ်ကြီးတွေ မှာတောင်အဲဒိ အချိန်က အဲလို
အဆင့်အတန်း မီ ခဲ့တာရှားပါတယ်။

အလွယ်ဆုံးဥပမာပြရရင် အခု စင်္ကာပူမှာ မြန်မာကျောင်းသား တွေပညာဆက်
ဆည်ပူးစရာတက္ကသိုလ်ကြီးနှစ်ခုထဲက အခု အရှေ့တောင်အာရှမှာ နာမည်ထွက်လာတဲ့
စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ဆိုရင် အဲဒိ အချိန်က Raffles College နဲ
့the King Edward VII College of Medicine တို့ ပေါင်းပြီး နောင်တစ်ချိန်
NUS ဆိုတာဖြစ်လာမယ့် University of Malaya ဆိုတာ လေးသန္ဓေ
ဖြစ်လာခါစပဲရှိပါသေးတယ်။ နောက်တစ်ကျောင်းဖြစ်တဲ့ နန်းယန်း Nanyang
Technological University ဆို ရင်လဲအဲဒိခေတ် ၁၉၅၅ က တရုတ်ဘာသာနဲ
့သာသင်ကြားပေးတဲ့ တရုတ်ကျောင်းအဆင့်ပဲရှိခဲ့ပါတယ်။

No comments:

Post a Comment